Wednesday, February 22, 2012

Android ပေါ်က virus များ ( သို့ ) Protect your android from virus.

ကျွန်တော်တို့ရဲ့စက်ရုပ်ကြီး android ကတော့ smart phone လောကမှာ မြန်မြန်ဆန်ဆန်နဲ့ပဲ အောင်မြင်ကျော်ကြားလို့လာပါပြီ။သူ့ရဲ့အောင်မြင်လာမှုနဲ့အတူ android phoneမှာ malwares ကူးစက်ခံရတယ်ဆိုတဲ့ ပုံပြင်တွေလဲများလို့လာပါရောလားဗျာ။

Malware ဆိုတာ

Tuesday, February 14, 2012

Nokia java phone list and nokia symbian phone list . Nokia java ဖုန်းနှင့် symbian ဖုန်း list ။

အခုနောက်ပိုင်းကျွန်တော်တို့ဆီမှာ android နဲ့ apple iphone တို့ကို အသုံးများလာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Nokia phones တွေကို အသုံးပြုနေသူတွေလည်း ဒုနဲ့ဒေးရှိကြပါသေးတယ်။ Android နဲ့ iphoneအတွက် apps တွေ gamesတွေ အများကြီးရှိသလို nokia phones တွေအတွက်လည်းရှိပါတယ်။ nokia phone တွေမှာ phone firmwareပေါ်မူတည်ပြီး java နဲ့ symbian ဆိုပြီး အမျိုးအစား၂မျိုးရှိပါတယ်။apps နဲ့ gamesတွေ ထည့်သွင်းဖို့ဆိုအရင်ဆုံးကိုယ့် phoneဟာ ဘယ်အမျိုးအစားလဲဆိုတာ သိဖို့လိုပါတယ်။ကိုယ့်phoneက java phone အမျိုးအစားဆို .jar  .jad files တွေကိုထည့်သွင်းရမှာဖြစ်ပြီး symbian ဆိုရင်တော့ .sis နဲ့ sisx files တွေကိုထည့်သွင်းရမှာပါ။ကိုယ့်phoneက Java လား symbian လားဆိုတာသိဖို့ အောက်က nokia java phone list နဲ့ nokia symbian phone list တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ Nokia java phoneအမျိုးအစားများ

Thursday, February 9, 2012

androidအတွက် Chrome Browser

Androidအတွက်Google Chrome Beta

Google Chrome Beta

Android လောကရဲ့ browser စစ်ပွဲကြီးမှာ Mozila Firefox ပါဝင်လာပြီးနောက် Google ကလည်း သူ့ရဲ့ product ကို စင်မြင့်ပေါ်တင်ဖို့ ကြိုးစားခဲ့ကြတယ်။Android အတွက် Chrome ထွက်လာတော့မယ်လို့ သတင်းတွေစထွက်လာတော့ android ချစ်သူတွေ အပျော်ကြီးပျော်ပေါ့။ နောက်ဆုံးတော့ chrome beta version ထွက်လာပါပြီ။ဆိုးတာတစ်ခုက Chrome ကိုသုံးမယ်ဆို ကိုယ့်ရဲ့ phone မှာ ICS firmware တင်ထားမှရမှာပါ။ICS ကိုတင်ထားတယ်ဆိုရင်တော့ နာမည်ကြီး Google Chrome Beta.apk ကိုအောက်မှာသာ download ဆွဲသုံးပေတော့ သူငယ်ချင်းတို့ရေ။ပျော်ရွှင်ပါစေဗျာ။ Enjoy! :)

  • Dropbox #1
  • Dropbox #2
  • xda-developers
  • When I heard Google Chrome was going to be out, I was delighted.I thought that all the inconveniences in browsing web are going to be ended up.It is out now.Great.But not for me or for those whose phones are not upgradable to ICS neither.Hopes fade away again as exactly as Mozila said it is not supporting to ARM prosessored devices.I wonder how many of your Google and Mozila users will be in this world who cannot use Chrome or Mozila on their phones like me.Geeks,Developers, . . .is it really difficult or impossible to make these apps support such phones?

Sunday, February 5, 2012

6 best blogging apps for android by www.androidauthority.com. Bloggers တွေအတွက် android phone နဲ့ tablet တွေမှာသုံးဖို့ အကောင်းဆုံး blogging software ၆ခု။ MyanmarMobileSolution



Bloggers တွေက သူတို့ရဲ့ laptops , desktops တွေနဲ့ဝေးနေတုန်းမှာလည်း post တွေ ရေးချင် update လုပ်ချင်ကြပါတယ်။ အခုဆိုရင် android phones တွေနဲ့ tablets တွေအတွက် blogging softwares တွေထွက်ရှိလာပြီမို့ သွားလေရာနေရာနေရာတိုင်းမှာ အချိန်မရွေး phoneလေး တစ်လုံး နဲ့ ကိုယ့်ရဲ့Blog ကို Update လုပ်နိုင်ပြီပေါ့။ထွက်ရှိလာတဲ့ blogging tools တွေထဲက အကာင်းဆုံး ၆ခု ကို www.androidauthority.com က ဝေဖန်ဆန်းစစ်ထားတာလေး ကျွန်တော် ဘာသာပြန်ပေးလိုက်ပါတယ်ခင်ဗျာ။Same Ko


Android market မှာ blogging softwaresတွေကအများကြီးရယ်။ ကိုယ့်လိုအပ်ချက်ကိုဖြည့်ပေးနိုင်မယ့် software ၁ခုကို တွေရှိဖို့ဆိုတာ မလွယ်လှဘူး။ဒီလိုများပြားလှတဲ့ softwares တွေထဲက အကောင်းဆုံး ၆ခုကို ရွေးချယ်ပြီး တင်ပြလိုက်ပါတယ်။


Tumblr


ဒီ tumblr android application ဟာ tumblr အသုံးပြုသူတွေကို စာတွေ ,ပုံတွေ , video links တွေနဲ့ quotes တွေကို သူတို့ရဲ့ tumblogs တွေမှာ ရေးသားခွင့် တင်ခွင့်ပေးပါတယ်။ ကိုယ်နှစ်သက်ရာ အခြားသူတွေရဲ့ blogs တွေကိုလည်း add ထားရင် ကိုယ့်ရဲ့Dashboardပေါ်မှာတင်ဖတ်ရှုနိုင်အောင်စီမံပေးထားပါတယ်။.အခြားသူတွေရဲ့ blog posts တွေကိုလည်း ကိုယ့် tumblelog မှာကူးယူတင်ပြခွင့်ပြုပါတယ်။.











ဒီ android Tumblr application လေးကို အသုံးပြုသူတွေဟာ post တွေကို drafts အဖြစ် save လုပ်ထားနိုင်ပြီး ကိုယ်သတ်မှတ်ထားတဲ့ အချိန်ကျမှ သူဘာသာ auto publish လုပ်နိုင်အောင်စီစဉ်ဆောင်ရွက်ထားလို့ရပါတယ်။မိမိရဲ့အဓိက blog ကိုသာမက ကိုယ့်ရဲ့ အခြားသော blogs တွေကိုလည်း တစ်ပြိုင်တည်းထိန်းချုပ်လို့ရပါတယ်။ ဒီ tumblr application လေးရဲ့အားသာချက်နောက်တစ်ခုက ကိုယ့် address book မှာရှိတဲ့သူတွေကို find and follow လုပ်နိုင်တာပါပဲ။ကဲ အခုပဲ tumblr မှာ post တွေ စရေးချင်ပြီဆိုရင်တော့ Tumblr for android ကို အောက်မှာပေးထားတဲ့ links တွေထဲက ကြိုက်နှစ်သက်ရာ link ကနေ download လုပ်ယူနိုင်ပါတယ်ခင်ဗျာ


android market မှ download လုပ်ရန်, you can download the Tumblr app from the Android Market or apkဖိုင်အား www.minus.com မှ download လုပ်ရန် download tumblr.apkfrom minus


WordPress


ကိုယ်က blogger တစ်ယောက်လည်း ဖြစ်တယ်။ပိုမိုပြီးလည်းဆန်းသစ်တီထွင်ရတာဝါသနာပါတယ်ဆိုရင်တော့ WordPress ကအလိုက်ဖက်ဆုံးဖြစ်မှာပါ။WordPress android application ဟာ smartphone blogging အတွက် အပြည့်စုံဆုံးနဲ့ အဆင်ပြေမှုအရှိဆုံးဖြစ်အောင် ရေးပေးထားတဲ့ software တစ်ခုပါပဲ။ဒီ WordPress android app က အလုပ်လုပ်တာမြန်တယ် ပြီတော့ချောမွေ့မှုရှိလည်းတယ်။Tablet မှာသုံးရင်တော့ကောင်းဆုံးပါပဲ။Phone ထဲမှာဆိုရင်တော့ စာလုံးလေးတွေကြည့်ရတာနည်းနည်းသေးတာပေါ့လေ။



WordPress android app မှာ desktop မှာလိုပဲ post အသစ်တွေရေးနိုင်သလို post အဟောင်းတွေကိုလည်း edit လုပ်လို့ရပါတယ်။ကိုယ့် blog statistics တွေကို ကြည့်ရှုစစ်ဆေးနိုင်သလို comments တွေကိုလည်း manage လုပ်နိုင်ပါတယ်။ဒီ application ရဲ့အားသာချက်တစ်ခုကတော့ WordPress.com blogs ရောself-hosted WordPress blogs တွေကိုပါထောက်ပံ့ပေးနိုင်တာပါပဲ။


Blogging platform မှာလူကြိုက်အများဆုံး WordPress ကို ကိုယ့် android phone နဲ့ tablet မှာတင်သုံးချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ links တွေထဲက ကြိုက်နှစ်သက်ရာ link ကနေ download လုပ်ယူနိုင်ပါတယ်ခင်ဗျာ။ Android market မှ download လုပ်ရန် ,you can download the WordPress app from the Android Market or (သို့) WordPress.apk fileကို download လုပ်ရန် download WordPress 2.0.4.apkfrom www.minus.com


Blogger


Blogger ဟာ Google ရဲ့ product တစ်ခုဖြစ်တာကြောင့် account သစ်တစ်ခု ထပ်ဖွင့်ဖို့ မလိုအပ်ဘဲ ကိုယ့်ရှိပြီးသား gmail account နဲ့ blog တစ်ခုဖန်တီးနိုင်ပါတယ်။



ဒီ Blogger application လေးနဲ့ post အသစ်တွေအလွယ်တစ်ကူ တင်နိုင်သလို ပုံတွေ ,labels တွေလည်း တင်နိုင်ရေးနိုင်ပါတယ်။ဒါ့အပြင် post တိုင်းမှာ ကိုယ့်ရဲ့တည်နေရာကိုပါ auto ထည့်ပေးလို့ရပါသေးတယ်။ကိုယ့်မှာ blogs ခွဲတွေအများကြီးရှိနေသေးတယ်ဆိုရင်လည်း တစ်ခုနဲ့တစ်ခုကြား အလွယ်တစ်ကူ ကူးပြောင်းသုံးနိုင်ပါသေးတယ်။( The following is personal comment on Blogger app by Same Ko. Google's official Blogger app is in fact the best of any other third-party apps out there in android market.It supports simple compose mode as well as in html mode.You can also mix them up.I mean while writing in normal text, if I wish, I can use html with no error in page view.So it becomes easier to be creative.Another advantage of Blogger app is you can save posts as drafts in phone.Now I am using Blogger android app to write this post. သူ့ရဲ့အားသာချက်တစ်ခုက ရိုးရိုး text compose နဲ့ ရေးနိုင်သလို တစ်ပြိုင်တည်းမှာပဲ html သုံးပြီး ရေးနိုင်တာပါပဲ။ ကျွန်တော်လက်ရှိဒီ post ကို ဒီ blogger app လေးသုံးပြီး phone ကနေရေးနေတာပါ :) ။)


Brothers တို့လည်း Blogger app ကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ links တွေထဲက ကြိုက်နှစ်သက်ရာ link ကနေ download လုပ်ယူနိုင်ပါတယ်ခင်ဗျာ။စိတ်ကျေနပ်မှုရနိုင်ပါစေဗျာ။ Download Blogger app from android market ။you can download the Blogger app from the Android Market or ( သို့ ) Blogger.apk fileကို download လုပ်ရန် download Blogger 1.0.7.apkfrom www.minus.com


LiveJournal


ကိုယ်က blog တစ်ခုရေးဖို့ LiveJournal ကိုသုံးနေတာဆိုရင် android phonesတွေနဲ့ tablets တွေအတွက် LiveJournal ထောက်ပံ့ပေးထားတဲ့ official LiveJournal android app ရှိပါတယ်။ဒီ official LiveJournal android app ဟာ သူ့ရဲ့ desktop version နီးနီးထောက်ပံ့ပေးထားပြီး posts တင်တာတွေ postsတွေနဲ့ comments တွေကို manage လုပ်တာတွေကို လုပ်နိုင်ပါတယ်။



ကိုယ်ရေးတဲ့ postsတွေကို drafts တွေအဖြစ်သိမ်းထားပြီး ကိုယ် publish လုပ်ချင်တဲ့အချိန်ကျမှ auto publish လုပ်နိုင်အောင်လည်း စီမံပေးထားလို့ရပါသေးတယ်။


စာတွေပဲပါတဲ့ postsတွေပဲတင်လို့ရတာလားဆိုတော့မဟုတ်ပါဘူး။Images တွေပါရောတင်လို့ရသလို post poll တွေတောင်လုပ်လို့ရပါတယ်။


LiveJournal မှာစပြီး posts တွေစရေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ အောက်မှာပေးထားတဲ့ links ၂ ခုကနေ ကြိုက်ရာက download လုပ်လို့ရပါတယ်ခင်ဗျာ။ဒါကတော့ android market ကနေ direct download လုပ်နိုင်မယ့် link ဖြစ်ပြီး you can download the LiveJournal app from the Android Market or download LiveJournal.apk ဒါကတော့ apk file ကို download လုပ်ဖို့ပါ။LiveJournal 0.1.0.apk


Posterous Spaces


Posterous ဟာ အသုံးပြုသူတွေကို online spacesတွေကိုထောက်ပံ့ပေးပြီး သူက tumblogs နဲ့တော်တော်ဆင်တယ်။Images တွေအများကြီးကိုတစ်ပြိုင်တည်းတင်လို့ရသလို videos တွေ စာတွေကိုလည်း ဆန္ဒရှိတဲ့ အတိုင်းရေးသားတင်နိုင်တယ်။Spaces တွေကိုကြိုက်သလောက် ဖန်တီးလို့ရသလို ကိုယ့်space မှာ လူတိုင်ပါဝင်ရေးသားနိုင်အောင် group spaces တွေလည်းဖန်တီးလိုရပါတယ်။



WordPress တို့ LiveJournal တို့ Blogger တို့နဲ့သွားတူတဲ့အချက်က Privacy ပိုင်းပိုကောင်းပြီး ကိုယ့် spaces တွေကို ဘယ်သူတွေကိုပဲ share လုပ်မယ်ဆိုပြီးထိန်းချုပ်ထားလို့ရတာပါပဲ။Posterous ဟာ သူ့ရဲ့ android application လေးကို Posterous Spaces လို့ နာမည်ပေးထားပြီး အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ links တွေကနေ ကြိုက်နှစ်သက်ရာကနေ download ဆွဲယူ အသုံးပြုနိုင်ပါတယ်ခင်ဗျာ။


To start sharing your spaces with your friends, download the Posterous Spaces app from the Android Market or download Posterous 2.0.2.apk


Blogger-droid


The Blogger-droid app ဟာ အစမှာ official Blogger app လောက်လူသိမများခဲ့ပေမယ့် အခုတော့သူရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကြောင့် လူသုံးများတဲ့ application တစ်ခုဖြစ်လာခဲ့ပါပြီ။ဒီ app ကိုတီထွင်သူက Anders Hedström ဖြစ်ပြီး ကိုယ့်ရဲ့ blogspot မှာ postsတွေ ရေးတာ edit လုပ်တာနဲ့ preview ကြည့်တာတွေလုပ်ဆောင်နိုင်ပါတယ်။



ပုံတွေကိုလည်း ကြိုက်တဲ့ entry ကို upload လုပ်နိုင်သလို ပုံတွေရဲ့အရွယ်အစားနဲ့အရည်အသွေးကိုပါနှစ်သက်သလို ပြောင်းလဲတင်လို့ရပါတယ်။ အားသာချက်တစ်ခုက Posts တွေကို ကြိုရေးထားပြီး ကိုယ်ကြိုက်တဲ့ အချိန်ကျမှ auto publish လုပ်နိုင်အောင်စီမံပေးထားလို့ရတာပါပဲ။


To get posting on Blogger using the Blogger-droid app, download it from the Android Market now or downloadBlogger droid(ad-free 1.0.2.apk


ဒီ Postလေးကိုဖတ်ပြီး တစ်ခုခုရခဲ့တယ်ဆိုရင်တော့ရေးရကျိုးနပ်ပါတယ်ဗျာ။သိချင်တာ အကြံပေးချင်တာတွေရှိရင်လည်း အောက်က comment box တွေမှာရေးခဲ့ကြပါအုံး။ကျေးဇူးတင်ပါတယ်။ Enjoy! :)

Saturday, February 4, 2012

test



Htmlကိုစမ်းကြည့်တာပါ

blogger droid app ကရော html နဲ့အဆင်ပြေပါ့မလား


အဆင်ပြေရင်တော့တော်တော်ကောင်းမယ်။