Monday, October 1, 2012

Android market မှ apps နှင့် games များကို မြန်မာနိုင်ငံမှ ၀င်ရောက် download ဆွဲကြည့်ခြင်း ။ Access android play store from Myanmar.


Android Market ဆိုတာ?

Android phones နဲ့ tablets တွေအတွက် ဆောဖ့်ဝဲတွေ ဂိမ်းတွေကို download ဆွဲယူနိုင် upload တင်ရောင်းချလို့ရနိုင်တဲ့  Google ရဲ့ တရားဝင်website တစ်ခုပါ။

ဒီ apps နဲ့ games တွေကို မြန်မာနိုင်ငံကနေ ဘာကြောင့်ဝင်ရောက်ဆွဲယူအသုံးပြုခွင့်မရှိရတာလဲ?

အဓိကကတော့ internationl banking စနစ် ကျွန်တော်တို့မှာမရှိလို့ပေါ့ဗျာ။ဒါကြောင့်ပိတ်ထားတယ်ပဲထားပါတော့။

ကဲတော်ပြီ ။ဒီဝင်ဆွဲလို့မရတာကို ဝင်ဆွဲလို့ရအောင် လုပ်ကြည့်ကြတာပေါ့။

နံပါတ်တစ် အရေးအကြီးဆုံးက ကိုယ့်ဖုန်းဟာ root လုပ်ပြီးသားဖြစ်ရမယ်။မလုပ်ရသေးရင် google မှာ "how to root "ကိုယ့်ဖုန်းနာမည်"" ဆိုပြီးရိုက်ထည့်ရှာကြည့်နိုင်ပါတယ်။

နံပါတ်၂ ။Root လုပ်ပြီးရင် ဖုန်းထဲမှာ Play store ,gmail ,gtalk တို့လို  Gapps တွေကို install လုပ်ထားပြီးသားဖြစ်ရမယ်။ဖုန်းအများစုကတော့ ပါပြီးသားပါ။Huawei ဖုန်းတွေလောက်ပဲမပါတာ။ ကိုယ့်ဖုန်းမှာ Gapps တွေကိုဘယ်လို install လုပ်ရမလဲမသိရင်တော့ အောက်မှာ ဖုန်းနာမည်ပြောပြီး comment ထားခဲ့ပါဗျာ။

၃။ root လည်းပြီးပြီ Gapps တွေလည်း ရှိပြီဆိုရင်တော့  tun.ko installer   , Droidvpn နဲ့  market unlocker  pro   တို့ကို download ဆွဲပါ။ install  လုပ်ပါ။

၎။ ဒီမှာ သွားပြီး register လုပ်ပါ။ကိုယ့် mail ထဲကို password ပို့ပေးပါလိမ့်မယ်။Password ကို မှတ်ထားပါ။

၅။Market unlocker ကို ဖွင့်ပါ။ super user request တောင်းရင် Grand သို့ allow ကိုနှိပ်ပါ။ enable unlocker ကိုon ပါ။ auto unlock ကို on ပါ။

၆။ tun.ko installer ကို ဖွင့်ပါ ။ download ကိုနှိပ်ပြီး ပြီးတဲ့အထိစောင့်ပါ။

၆။Droidvpn ကိုဖွင့်ပါ။ email နဲ့ password ကို ဖြည့်ပါ။ start ကိုနှိပ်ပါ။connected ဖြသ်ရင် စိမ်းသွားပါလိမ့်မယ်။

၇။ ဖုန်း power key ကို ခပ်ကြာကြာဖိပြီး airplane mode ကို နှိပ်ပါ။

၈။ဖုန်းမှာ setting ကိုသွား application ကိုသွား manage applications ကိုသွား all ကို နှိပ် google play သို့ market ကိုရှာပြီးတစ်ချက်နှိပ် ။အောက်နားလေးက Clear data ကို နှိပ်။

၉။ ဖုန်းကိုပိတ်ပြီးပြန်ဖွင့်။ power key ကိုနှိပ်ပြီး airplane mode ကို ပိတ် ။

၁၀။ droidvpn ကို ဖွင့်။start နှိပ် ။ Play သို့ market ကိုသွားဖွင့်ကြည့်။ account တောင်းရင် create new ဆိုပြီး account သစ်တစ်ခုဖွင့်ပေးလိုက်ပါ။

Droidvpn connected ဖြစ်နေသမျှ Play store က free apps တွေကို download and install လုပ်လို့ရပါပြီ။ တစ်ခုရှိတာက တစ်ရက်ကို 100mb ပဲရယ်နော့် :) Enjoy!

  

  

  

  

1 comment:

  1. ဖုန်းက Huawei C8812 ပါ Gapp တွေဘယ်လိုထည့်ရမလဲကူညီပါဦးအကိုရေ.....။

    ReplyDelete